ယခုရက်ပိုင်းအတွင်းဖြစ်ပေါ်ခဲ့သော ဘုရားသုံးဆူဒေသ ထိုင်းမြန်မာနယ်စပ်အငြင်းပွားမှုပြဿနာ ကိစ္စရပ်များ နှစ်ဖက်သဘောတူညီမှုများရရှိခဲ့ကြသဖြင့် ပြေလည်မှုရရှိခဲ့သည်။
Friday, July 30, 2010
စစ်အစိုးရတပ်မှ ပေါ်တာဖမ်းထားသော မွန်ပြည်သစ်အရန်တပ်သားများ ပြန်လွတ်လာ
ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမြို့နယ်ဂွင်တွင် လှုပ်ရှားနေသည့် ခမရ((၄ဝ၉)တပ်ရင်းလှုပ်ရှားစစ် ကြောင်း (၂)မှ မွန်ပြည်သစ်ပါတီ၏အရန်တပ်သား များနှင့် ဒေသခံရွာသားတွေအပေါ် ပေါ်တာဖမ်းဆီး ခဲ့သည့်ကိစ္စကို မွန်ပြည်သစ်ပါတီကနေ ကန့်ကွက်ခဲ့ အပြီး ဇူလိုင်လ(၁၆)တွင် ပါတီအရန်တပ်သား တွေကိုပြန်လွှတ်ပေးခဲ့သည်ဟု ပါတီအရာရှိငယ်တစ်ဦးမှပြောပါသည်။
မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီစည်းရုံးရေးခရီး ဆင်းနေဆဲ
မွန်နိုင်ငံရေးပါတီတစ်ခုဖြစ်သည့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီသည် အခုရက်ပိုင်းအတွင်း ချောင်းဆုံ မြို့နယ် ရေးမြို့နယ်နှင့် တနင်္သရီတိုင်းရေဖြူမြို့နယ်ဘက်တွင် စည်းရုံးရေးဆင်းနေဆဲဟု ပါတီဝင်တစ်ဦးမှပြောပါသည်။
ထိုင်းနိုင်ငံကန်ချနပူရီမြို့ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမား သုံးရာခိုင်နှုန်းလောက် HIV ရောဂါပိုး စစ်ဆေးတွေ့ရှိ
ထိုင်းနိုင်ငံကန်ချနပူရီ မြို့တွင်ရှိသည့် Vita Food သစ်သီးဝလံစည်သွပ်ကုမ္ပဏီမှအလုပ်လုပ် နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအပါအဝင် တခြားစက်ရုံမှ အလုပ်သမားတော်တော်များများကို ဆေးစစ်ခဲ့ရာတွင် HIVရောဂါပိုး၊ ဆစ်ဖလစ်ရောဂါပိုးများစစ်ဆေးတွေ့ရှိခဲ့သည်ဟု ပတ္တနာရပ်(Pattanarak Foundation)အဖွဲ့ဝင်တစ်ဦးမှပြောပါသည်။
ပြည်သူ့စစ်ဖွဲ့စည်းရေးလက်မခံသည့် ပေါက်ပင်ကွင်းကျေးရွာသား(၄ဝဝ) ထိုင်းနိုင်ငံဘက်တိမ်းရှောင်လာ
တနင်္သာရီတိုင်းရေဖြူမြို့နယ်၌ကျေးရွာပြည်သူ့စစ်မလုပ်လိုကြသည့်ပေါက်ပင်ကွင်းကျေးရွာသား(၄ဝဝ)နီးပါး ထိုင်းနိုင်ငံ ဘက်ကိုထွက်ပြေးတိမ်းရှောင်လာခဲ့သည်ဟု ဒေသခံရွာသားများမှပြောပါသည်။
Subscribe to:
Posts (Atom)